Showing posts with label Postmodern. Show all posts
Showing posts with label Postmodern. Show all posts

Sunday, 26 August 2018


၂၁ ရာစု ဂလိုဘယ်လိုင်ဇေးရှဲန်၊ 
အပိုင်း (၁)

ကမ္ဘာ့လူဦးရေရဲ့ ၄% ရာခိုင်နုန်းသာရှိတဲ့ မြောက်အမေရိကဟာ ကမ္ဘာ့စွမ်းအင် ၂၅% ရာခိုင်နုန်း၊ သုံးဖြုန်းမှု ၄ဝ% ရာခိုင်နုန်း၊ တပ်မတော်အသုံးစာရိတ် ၅ဝ% ရာခိုင်နုန်းနှင့် ကျမ်းမာရေးစောင့်ရှောက်မှု ၅ဝ% ရာခိုင်နုန်း ကို သုံးစားလျှက်ရှိနေပါတယ်။
ဒါကြောင့် သူတို့ဟာ တနှစ်မှာဒေါ်လာ ၇ဝဝ ဘီလီယံ (တနေ့လျှင် ၂.၆ဘီလီယံ) ကမ္ဘာ့အသုံးစာရိတ်ရဲ့ ၇ဝ-၈ဝ% ရာခိုင်နုန်းကို သုံးစားနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကုန်ထုတ်လုပ်မှုမှာတော့ တဖြည်းဖြည်း လျော့နည်း လာကာ GDP ၁၂-၇ သာ ရှိလာတဲ့အတွက် သူတို့ရဲ့ စီးပွားကုန်ထုတ်လုပ်မှု လျှော့ နည်းလာ ခြင်းဟာ ပြည်ပ နိုင်ငံတွေအပေါ်ကြွေးမှီတင်လာခြင်းကိုပြသနေပါတယ်။ အဲဒီကြွေးမှီကိုလည်း ဘယ်တော့မှ ပြန်ဆပ်ပေးမှာ မဟုတ်ပါဘူး။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ခန့်မှန်းချက်အရ လာမည့်ဆယ်စုနှစ်တွေမှာ တရုတ်နှင့် အိန္ဒယနိုင်ငံသာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု တိုင်းတာနုန်း (GDP) အမြင့်မားဆုံးနေရာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါ တယ်။ တရုတ်နိုင်ငံရဲ့ (GDP) ဟာ ၂ဝ၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံကိုကျော်သွားနိုင်ပြီး ၂ဝ၂၅ မှာတော့ မြောက် အမေရိကကိုပါ ကျော်သွားနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။
၂ဝဝ၅ ခုနှစ်မှာ ဂျပန်-အမေရိကန်နှင့်ကနေဒါ-အမေရိကန် ကူးသန်းစံချိန်မက အမေရိကန်ရဲ့ ကမ္ဘာ့ကုန်သွယ် နှင့်ရင်းနှီးမြုပ်နှံမှုစံချိန်တွေကို တရုတ်က ကျော် လွှားနိုင်ခဲ့ပါတယ်။ တကယ်လို့များ တရုတ်ရဲ့စံချိန်ကို ဒီအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် တရုတ်ဟာ နိုင်ငံတကာမှာ အကြီးမားဆုံးသော ကုန်သွယ်ကူးသန်းနိုင်တဲ့ နိုင်ငံ ကောင်းဖြစ်လာဖွယ်ရှိပါတယ်။
၂ဝ၁၅ ခုနှစ်ရောက်လာတဲ့အခါ BRIC ဆိုတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒယနှင့် တရုတ်တို့ရဲ့GDP ဟာ G6 နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ နှင့် အင်္ဂလန်နိုင်တွေရဲ့ GDP ထက် ၁.၅ မြင့်လာနိုင် ပါတယ်။ Goldman Sachs အစီရင်ခံစာအရ ၂ဝ၅ဝ မှာ BRIC GDP ဟာ G6 နိုင်ငံတွေရဲ့ GDP အဆင့် ပထမ၊ တတိယ၊ ပဥစမနှင့် ဆဌမနေရာအသီးသီးမှာ ရပ်တည်သွားဖွယ်ရှိပါတယ်။ အမေရိကန်နှင့် ဂျပန်ကတော့ ဒုတိယနှင့် စတုတထနေရာမှာဘဲ ရှိနေမှာပါ။ ၂ဝဝ၉ မှတ်တမ်းအရ BRIC နိုင်ငံတွေရဲ့ဒေါ်လာသုံးဖြုန်းတဲ့နုန်း ဟာ G6 နိုင်ငံတွေထက်များနေပါတယ် (Whecan 2004).
အထက်ဖေါ်ပြပါအချက်အလက်နှင့် ကိန်းဂဏန်းတွေဟာ သူ့ဖာသာသူဖြစ်နေတဲ့ အဖြစ်အပျက်မှန်က ကောက်နုတ်တင်ပြထားတာဖြစ်တဲ့အတွက် အငြင်းပွားဘွယ်ရာအကြောင်းတော့မရှိပါဘူး၊ ဒါပေမဲ့ မေးခွန်း လေးတွေတော့ရှိပါတယ်၊ အခုရောက်ရှိနေတဲ့ အခြေအနေမှ မျှော်လင့်စိတ်ကူးထားတဲ့နေရာကိုရောက်အောင် ဘယ်ပုံဘယ်နည်းနှင့် အရောက်သွားရမလဲပေါ့၊ ဒီလိုဆိုရင်တော့ ၂၁ ရာစု ဂလိုဘဲလ်လိုင်ဇဲရှဲန်းလှိုင်းပေါ် ဘယ်ပုံဘယ်နည်းဖြင့် ကူးခတ်ပြီးသွားကြမလဲ ဆိုတဲ့အပေါ်မှာဘဲ မူတည်နေပါလိမ့်မယ်။
အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံတွေဟာ ၁၉၈ဝ-၂ဝဝဝ ကြားက သူတို့ကူးခတ်လာတဲ့ ဂလိုဘယ်လှိုင်ဇဲရှဲန်း လိုင်းပေါ်မှာဘဲ ရှိနေကြတယ်။  ဒါကြောင့် သူတို့ရဲ့ စက်မှုကုန်ထုတ်နှင့် စီးပွားကူးသန်း၊ ငွေကြေးနှင့် နိုင်ငံ တကာဆိုင်ရာနိုင်ငံရေးတွေမှာ ခြေချော်နေကြတယ်လို့ ပြောရမှာပါ၊ အမေရိကန်နိုင်ငံဆိုရင် သူတို့ရဲ့စီးပွား စံ နှမူနာကို ဝါရှိန်တန်မူပေါ်အာရုံစိုက်ရပြီး ကုန်ကူးသန်းအရေးကိုတော့ ကမ္ဘာ့ကုန်သွယ် (WTO) မူကို စွဲကိုင်ထား ပါတယ်။
ငွေကြေးပိုင်းမှာတော့ ဒေါ်လာတန်ဖူးနှင့် IMF ရဲ့မူကို စံနမူနာထားပြီး လုံခြုံရေးပိုင်းဆိုင်ရာမှာတော့ သူတို့ရဲ့ အမေရိကန်ဗိုလ်ကျစိုးမိုးရေးဖြင့် စစ်တပ်ရဲ့အင်အားကိုအားကိုးနေတာတွေ့ရပါတယ်။ ဒီလိုကျင့်သုံးခြင်းရဲ့ရလဒ် ကြောင့် ၂၁ ရာစုမှာ အားလုံးအပေါ်ဗိုလ်ဆွဲပြီးအနိုင်ရသူအဖြစ် ရပ်တည်နေနိုင်ပေမဲ့ အားအင်ကုန်ဆုံးနေတာကို လည်းခံစားနေတာပါ။
အနိုင်ရဗိုလ်ဆွဲသူအဖြစ်ရပ်တည်နေပေမဲ့ ပညာရေးဝန်ဆောင်မှုနှင့် သေမွေးစာရင်းကိုကြည့်မယ်ဆိုရင် သူ့ရဲ့ အကျိုးအမြတ်ကိုမမြင်တွေ့နိုင်ဖြစ်နေပါတယ်။ တကမ္ဘာလုံးမှာ ဂလိုဘဲလ်လိုင်ဇေးရှဲန်းကြောင့် ရုတ်ရုတ်သဲသဲ အခြေအနေဖြစ်ပေါ်လာနေချိန် အနိုင်ရဗိုလ်ဆွဲထားသူက ရှေးရိုးစွဲဝါဒနဲ့ဘဲ ကျန်ခဲ့တော့မှာပါ။
တကယ်တော့ ၂၁ ရာစုဂလိုဘဲလ်လိုင်ဇေးရှဲန်းဟာ ၂ဝ ရာစုတုန်းက ဂလိုဘဲလ်လိုင်ဇေးရှဲန်းနဲ့ မတူတော့ပါဘူး၊ တဖြည်းဖြည်းနှင့်ရွေ့လျှားနေသော ရေနံတင်သင်္ဘောကြီးလို စီးပွားကူးသန်းလမ်းကြောင်းဟာ တောင်-မြောက်မှ အရှေ့တောင်ဘက်ဦးတည် လာနေပါတယ်။ ဒါကြောင့် အောက်ပါမေးခွန်းလေးတွေကိုလည်း စဉ်းစားဖို့ လိုလာ ပြန်ပါပြီ။
တိုင်းပြည်တစ်ခုရဲ့ အတက်အကျရလဒ်ကို အာရှနိုင်ငံများရဲ့ စက်မှုနိုင်ငံသစ်စီးပွားရေး (Newly Industrialized economies- NiEs) နှင့်ပါတ်သက်လာမလား၊ အရင်းရှင်နိုင်ငံရာထူး အပြောင်းအလဲဖြစ်လာမလား၊ အတိုးဖြင့် အရင်းတိုးပွားရရှိသောနိုင်ငံဘက် ကူးပြောင်းလာနိုင်မလား၊ ဒီလိုဖြစ်လာရင် ရေရှည်တည်တံ့နိုင်မလား၊ ဒါမှမ ဟုတ် နယူလစ်ဘရယ်စနစ်ကို ဆိုင်းငံ့သွားစေမလား၊ ဒါတွေအားလုံးကို နိုင်ငံ့စီးပွားကံကောင်းခြင်းဟု မှတ်ယူ မလား၊ ဒါမှမဟုတ် အခွင့်ကောင်းနိုင်ငံရေးစီးပွားတစ်ရပ်ကို အဖွဲ့အစည်းသစ်ဖြင့်တည်ထောင်တယ်လို့ ရှုမြင်ရ မလား၊ လူတန်းစားမရွေးကူးလူးခွင့်တစ်မျိုးလား၊ နိုင်ငံတကာဆိုင်ရာနိုင်ငံရေးတစ်မျိုးလား။
ဒီလိုအပြောင်းအလဲရဲ့ဂယက်ကို ဖွံ့ဖြိုးမှုတစ်ရပ်အနေနဲ့သတ်မှတ်မယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေက ကျနော် တို့ကို အကျိုးကျေးဇူးတွေဖြစ်ထွန်းစေမလဲ စသည်ဖြင့် စဉ်းစားဖို့လိုလာပြန်ပါတယ်။ ဒါတွေကို အဓိပ္ပါယ်ရှိရှိ ဖေါ် ထုတ်စစ်ဆေးပြီး ရလဒ်ကောင်းဖြစ်ပေါ်လာရေးဟာ ကျနော်တို့ရဲ့ စဉ်းစားပုံစဉ်းစားနည်း၊ တွေးခေါ်ပုံတွေးခေါ် နည်းက အရေးကြီးလာပြန်ပါတယ်။
ကျန်နော်တို့ သိထားပြီးအချက်များမှ အနီးစပ်ဆုံး တွက်ချက်မယ်ဆိုရင်တောင် စွန့်စားရမည့်အခြေအနေဖြစ် နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ရပ်တွေဟာ အချိန်နှင့် တဖြည်းညီပြောင်းလဲနေလို့ တွက်ချက်ရခက်စေ ပါတယ်။

ဥရောပပါလီမာန်အမတ် Glyn Ford ပြောစကားကို ကူးကားမယ်ဆိုရင်-ဥရောပ ယူနီယံဟာ အမေရိကန်ထက် IMF ကိုထောက်ခံမဲပေးခဲ့ကြတယ်၊ ဒါပေမဲ့ လက်ရှိနယူလစ်ဘရယ်အတွေးအခေါ်ကိုတော့ စိန်ခေါ်မှုမပြုလုပ်နိုင် ဘူး၊ ထိုနည်းတူ လတ်တင်အမေရိကပါဝင်လာမှုကြောင့် WTO မှာ အဖွဲ့တွေဖွဲ့လာကြတယ်၊ တိုကျိုမှာပြုလုပ်တဲ့ ကုလ (UN) အစည်းအဝေးမှာ Santiago-Plus-Five, Burban-Plus-Five ဆိုပြီးဖွဲ့ပြတော့ ကျနော်တို့က ကမ္ဘာ မှာ ဒီလိုနိုင်ငံတွေဖွဲ့ပြီးနေမှဖြစ်တော့မလား။ အခုဆိုရင် ASIAN+3 ကိုတောင် တွေ့နေရပြီလေ။